Thursday, February 26, 2009

ငြီးငွေ့ခြင်းများ - ၁

ငြီးငွေ့ခြင်းများ - ၁

ခင်ဗျားတို့ အပြောများတဲ့

အသားအရေ ထိန်းသိမ်းခြင်းအကြောင်း

ငြီးငွေ့တယ်…

ဆံပင်တွေအတွက် ဗီတာမင်လိုတယ်လို့

အရေးတယူပြောနေတဲ့ကြား

နှလုံးသားတွေ ကျန်းမာသန်စွမ်းဖို့

ဘာလိုအပ်ပါသလဲ

ဗောက်ကင်းစင်လို့

ဘ၀ဟာပျော်စရာကောင်းသတဲ့လေ

နေပျော်ဖွယ်ရာ မကောင်းတဲ့အနှောက်အယှက်ဟာ

ဗောက်ထခြင်းသက်သက်ပဲတဲ့လား…

နေရောင်ဒဏ်ကာကွယ်ဖို့ ယူဗီခရင်အားကိုးတဲ့

အင်တာဗျူးခံ ဖြူနုချောဥ ကောင်လေးရယ်

လောကဓံကို ခုခံဖို့

ငါတို့ဘာသုံးရမလဲ

မီးကတော့ လွတ်လပ်ပေါ့ပါးတဲ့

ဖရီးစတိုင်ပဲကြိုက်သတဲ့

ငါတို့မနက်ဖြန်တွေ လွတ်လပ်ဖို့ရော

ဘာစတိုင်ဝတ်ရမလဲကွာ…

ကဲထားပါတော့

ခင်ဗျားတို့ အပြောများတဲ့

အသားအရေထိန်းသိမ်းခြင်းအကြောင်း

နောက်လထုတ်တစ်အုပ်အုပ်မှာ ပါဦးမှာ အသေအချာပဲ။

Aniko

24 Feb 09

00:04 am

No comments:

Post a Comment